Wednesday, April 10, 2019

Haikyuu (Season-1)



Haikyuu (Season 1)

Episodes ~ 25
Genres ~ Comedy, Drama, Sports, Shounen
MAL Rating ✩ 8.64

 Hinata Shoyoဟာ ​ဘောလီ​ဘောအားကစားကို ရူးသွပ်လွန်းတာ​ကြောင့်​ အလယ်​တန်းမှာ အသင်းဝင်​တစ်​ဦးမှမရှိတာ​တောင်​မှ သူတစ်​ဦးတည်းတစ်​သင်းလုပ်​ပြီး ​လေ့ကျင့်​​နေခဲ့ပါတယ်​။ သူ့သူငယ်​ချင်းနှင့်​တခြားသူတချို့ ကိုလည်း​​ရ​အောင်​စည်းရုံးပြီး ပြိုင်​ပွဲကိုမဖြစ်​ဖြစ်​​အောင်​ ဝင်​ပြိုင်​ရာ...မရှုမလှရှုံးနိမ့်​ခဲ့ပါတယ်​။ Hinataရဲ့ ပွဲဦးထွက်​ပြိုင်​ပွဲကို အနိုင်​ပိုင်းလိုက်​တဲ့အသင်းက​တော့ "ကစားကွင်းရဲ့ဘုရင်​"လို့နာမည်​ကြီးတဲ့ Kageyamaပါဝင်​တဲ့ Kitagawa Daichiအသင်းပါ။ Hinataဟာ Kageyamaကို အထက်​တန်းမှာ လက်​စား​ချေမည်​ဟုသန္ဓိဌာန်​ချကာ Karasunoအထက်​တန်း​ကျောင်းကိုတက်​ခဲ့ရာမှ...သူလက်​စား​ချေမည့်​ Kageyamaကလည်း သူနဲ့တစ်ေ​ကျာင်းတည်းဖြစ်​​နေ​ပါ​တော့တယ်​။ အ​တွေ့အကြုံ မရှိ၊ခန္ဓာကိုယ်​​သေးညှက်​လွန်း​သော်​လည်း လျှင်​မြန်​ဖျတ်​လတ်​မှုရှိပြီး ဇွဲရှိလွန်းတဲ့Hinata၊ ထူးချွန်​ပြီး​ မာနကြီးတဲ့ Kageyamaတို့ တစ်​သင်းတည်းမှာ အဆင်​​ပြေ​ပြေကစားနိုင်​ပါ့မလား... သူတို့​တွေ တခြားအသင်း​တွေကို ဘယ်လိုရင်​ဆိုင်​ကစားကြမလဲဆိုတာ ကြည့်​ရှုကြရမှာပါ။
 အဓိကဇာတ်​​ကောင်​အ​ကြောင်းတင်​မဟုတ်​ဘဲ ဇာတ်​​ကောင်​တစ်​ဦးချင်းစီအ​ကြောင်း၊ character development၊ အသင်းသား​တွေရဲ့ စည်းလုံးညီညွတ်​မှု၊သူငယ်ချင်း​​သံ​ယောဇဉ်​တို့ကို​တွေ့မြင်​ကြရမှာပါ။ ယှဉ်​ပြိုင်​မှု​တွေကလည်း စစ်​တိုက်​သည့်​အလား ပြင်းထန်​လွန်းတာ​ကြောင့်​ ရင်​တထိတ်​ထိတ်​နှင့်​ကြည့်​ရှူကြရမှာဖြစ်​ပါ​တယ်​...
*Haikyuu!!မှ မကြည့်​ရင်​​တော့ Animeကြည့်​တယ်​လို့​တောင်​ သတ်​မှတ်​လို့မရပါဘူး​နော်​ ~
*မိန်းက​လေး​တွေလည်း မလွတ်​တမ်းကြည့်​ကြပါလို့...ဆင်​တာမှ အကုန်​အဆင်​​လေး​တွေချည်းပါ...​နောက်​ပြီး ​ဘောင်းဘီတို​လေး​တွေနဲ့ဆို​တော့ မျက်​စိ​အေးတာ​ပေါ့✨

Episode-1

Episode-2

Episode-3

Episode-4

9 comments: