Thursday, January 3, 2019

Kids On The Slope



Kids On The Slope (Sakamichi no Apollon)

ဒီ anime ​လေးက​တော့ 2012 ကထွက်​ရှိထားတာပါ
2018 မှာ Live Action ထွက်ထားပါတယ်
genere က​တော့ Drama, Josei, Music, Romance, School အမျိုးအစား​လေးပါ
MAL မှာလဲ rating 🌟 8.43 ထိ​ရထားတာပါ

Kaoru Nishimi ဟာ Kyushu ကို သူ့ရဲ့အထက်​တန်းပထမနှစ်​မှာ​ပြောင်းလာခဲ့ပါတယ်
သူက စာ​တော်​ပြီး ဂန္တဝင်​​တေးဂီတ​တွေကိုတီး​ခေတ်​​တတ်​ရာမှာလဲအရမ်း​တော်​တဲ့သူတစ်​​ယောက်​ပါ
သူကငယ်​ငယ်​​လေးကတည်းက​ကျောင်းကိုတစ်​​ကျောင်းပြီးတစ်​​ကျောင်း​ပြောင်းခဲ့ရ​တော့သူငယ်​ချင်းဆိုလို့တစ်​​ယောက်​မှ​တောင်​မရှိပါဘူး
Kyushu ကို​ရောက်​​တော့လဲ အရင်​လိုပဲတစ်​​ယောက်​ထဲအထီးကျန်​ဖြစ်​သူ့ကိုသူ​တွေးထားမိတယ်
Sentarou က​တော့ Jazz ​တေးဂီတကိုရူးသွပ်​တဲ့ သူတစ်​​ယောက်​ပါ
အမြဲရန်​ဖြစ်​​နေလို့ တစ်​​ကျောင်းလုံးကလူဆိုးလို့သတ်​မှတ်​ထားပြီးတစ်​​ယောက်​မှသူနဲ့အ​ပေါင်းအသင်းမလုပ်​ရဲပါဘူး
Ritsuko Mukae က​တော့ သူမမိသားစုက ဓာတ်​ပြားခွေ​ရောင်းတဲ့ဆိုင်​ဖွင့်​ထားပြီး Jazz ဂီတကိုမြတ်​နိုးသူတစ်​​ယောက်​ပါ သူမနဲ့ Sen က​တော့ ငယ်​သူငယ်​ချင်း​တွေပါ
Kaoru က​တော့ Ritsuko ကို​ကျောင်းစတက်​တဲ့ပထမ​နေ့မှပဲမြင်​မြင်​ချင်းချစ်​သွားမိပါတယ်
သူတို့သုံး​ယောက်​ကြားက သူငယ်​ချင်းသံ​ယောဇဉ်​ သုံးပွင့်​ဆိုင်​အချစ်​ဇာတ်​လမ်း​လေးကို ​Jazz ​တေးဂီ​တမြိုင်​မြိုင်​ဆိုင်​ဆိုင်​နဲ့ခံစားကြည့်​ရူရမှာပါ


Episode 1

Episode 2

No comments:

Post a Comment

Haikyuu (Season-1)

Haikyuu (Season 1) Episodes ~ 25 Genres ~ Comedy, Drama, Sports, Shounen MAL Rating ✩ 8.64  Hinata Shoyoဟာ ​ဘောလီ​ဘောအားကစားကို ရူး...