Kids On The Slope (Sakamichi no Apollon)
ဒီ anime လေးကတော့ 2012 ကထွက်ရှိထားတာပါ
2018 မှာ Live Action ထွက်ထားပါတယ်
genere ကတော့ Drama, Josei, Music, Romance, School အမျိုးအစားလေးပါ
MAL မှာလဲ rating 🌟 8.43 ထိရထားတာပါ
Kaoru Nishimi ဟာ Kyushu ကို သူ့ရဲ့အထက်တန်းပထမနှစ်မှာပြောင်းလာခဲ့ပါတယ်
သူက စာတော်ပြီး ဂန္တဝင်တေးဂီတတွေကိုတီးခေတ်တတ်ရာမှာလဲအရမ်းတော်တဲ့သူတစ်ယောက်ပါ
သူကငယ်ငယ်လေးကတည်းကကျောင်းကိုတစ်ကျောင်းပြီးတစ်ကျောင်းပြောင်းခဲ့ရတော့သူငယ်ချင်းဆိုလို့တစ်ယောက်မှတောင်မရှိပါဘူး
Kyushu ကိုရောက်တော့လဲ အရင်လိုပဲတစ်ယောက်ထဲအထီးကျန်ဖြစ်သူ့ကိုသူတွေးထားမိတယ်
Sentarou ကတော့ Jazz တေးဂီတကိုရူးသွပ်တဲ့ သူတစ်ယောက်ပါ
အမြဲရန်ဖြစ်နေလို့ တစ်ကျောင်းလုံးကလူဆိုးလို့သတ်မှတ်ထားပြီးတစ်ယောက်မှသူနဲ့အပေါင်းအသင်းမလုပ်ရဲပါဘူး
Ritsuko Mukae ကတော့ သူမမိသားစုက ဓာတ်ပြားခွေရောင်းတဲ့ဆိုင်ဖွင့်ထားပြီး Jazz ဂီတကိုမြတ်နိုးသူတစ်ယောက်ပါ သူမနဲ့ Sen ကတော့ ငယ်သူငယ်ချင်းတွေပါ
Kaoru ကတော့ Ritsuko ကိုကျောင်းစတက်တဲ့ပထမနေ့မှပဲမြင်မြင်ချင်းချစ်သွားမိပါတယ်
သူတို့သုံးယောက်ကြားက သူငယ်ချင်းသံယောဇဉ် သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးကို Jazz တေးဂီတမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ခံစားကြည့်ရူရမှာပါ
Episode 1
Episode 2