Haikyuu (Season 1)
Episodes ~ 25Genres ~ Comedy, Drama, Sports, Shounen
MAL Rating ✩ 8.64
Hinata Shoyoဟာ ဘောလီဘောအားကစားကို ရူးသွပ်လွန်းတာကြောင့် အလယ်တန်းမှာ အသင်းဝင်တစ်ဦးမှမရှိတာတောင်မှ သူတစ်ဦးတည်းတစ်သင်းလုပ်ပြီး လေ့ကျင့်နေခဲ့ပါတယ်။ သူ့သူငယ်ချင်းနှင့်တခြားသူတချို့ ကိုလည်းရအောင်စည်းရုံးပြီး ပြိုင်ပွဲကိုမဖြစ်ဖြစ်အောင် ဝင်ပြိုင်ရာ...မရှုမလှရှုံးနိမ့်ခဲ့ပါတယ်။ Hinataရဲ့ ပွဲဦးထွက်ပြိုင်ပွဲကို အနိုင်ပိုင်းလိုက်တဲ့အသင်းကတော့ "ကစားကွင်းရဲ့ဘုရင်"လို့နာမည်ကြီးတဲ့ Kageyamaပါဝင်တဲ့ Kitagawa Daichiအသင်းပါ။ Hinataဟာ Kageyamaကို အထက်တန်းမှာ လက်စားချေမည်ဟုသန္ဓိဌာန်ချကာ Karasunoအထက်တန်းကျောင်းကိုတက်ခဲ့ရာမှ...သူလက်စားချေမည့် Kageyamaကလည်း သူနဲ့တစ်ကျောင်းတည်းဖြစ်နေပါတော့တယ်။ အတွေ့အကြုံ မရှိ၊ခန္ဓာကိုယ်သေးညှက်လွန်းသော်လည်း လျှင်မြန်ဖျတ်လတ်မှုရှိပြီး ဇွဲရှိလွန်းတဲ့Hinata၊ ထူးချွန်ပြီး မာနကြီးတဲ့ Kageyamaတို့ တစ်သင်းတည်းမှာ အဆင်ပြေပြေကစားနိုင်ပါ့မလား... သူတို့တွေ တခြားအသင်းတွေကို ဘယ်လိုရင်ဆိုင်ကစားကြမလဲဆိုတာ ကြည့်ရှုကြရမှာပါ။
အဓိကဇာတ်ကောင်အကြောင်းတင်မဟုတ်ဘဲ ဇာတ်ကောင်တစ်ဦးချင်းစီအကြောင်း၊ character development၊ အသင်းသားတွေရဲ့ စည်းလုံးညီညွတ်မှု၊သူငယ်ချင်းသံယောဇဉ်တို့ကိုတွေ့မြင်ကြရမှာပါ။ ယှဉ်ပြိုင်မှုတွေကလည်း စစ်တိုက်သည့်အလား ပြင်းထန်လွန်းတာကြောင့် ရင်တထိတ်ထိတ်နှင့်ကြည့်ရှူကြရမှာဖြစ်ပါတယ်...
*Haikyuu!!မှ မကြည့်ရင်တော့ Animeကြည့်တယ်လို့တောင် သတ်မှတ်လို့မရပါဘူးနော် ~
*မိန်းကလေးတွေလည်း မလွတ်တမ်းကြည့်ကြပါလို့...ဆင်တာမှ အကုန်အဆင်လေးတွေချည်းပါ...နောက်ပြီး ဘောင်းဘီတိုလေးတွေနဲ့ဆိုတော့ မျက်စိအေးတာပေါ့✨
Episode-1
Episode-2
Episode-3
Episode-4